CarsDB Club Member Subscription

မြန်မာပြည့်ရဲ့ ပထမဆုံး နဲ့ အကျယ်ပြန့်ဆုံး မော်တော်ယာဉ် ရောင်းဝယ်ရာနေရာတစ်ခုဖြစ်တဲ့ CarsDB.com အနေနဲ့ အထူးသီးသန့် အဖွဲ့ဝင်တွေဖြစ်သော မော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူများ၊ မော်တော်ယာဉ်လောကတွင် ထိပ်ဆုံးမှ ဦးဆောင်နေသူများ နှင့် ကားများကို နှစ်သက်ခုံမင်သူများအတွက် အသင်းဝင်အဖြစ် ကနဦးချီးမြှင့်ပေးတဲ့ အထိမ်းအမှတ်ဖြစ်တဲ့ CarsDB Club ကို စတင်မိတ်ဆက်ပေးလိုက်ပါတယ်။

CarsDB Club ဟာ CarsDB ရဲ့ လုပ်ဖော်ကိုင်ဖက်များဖြစ်တဲ့ မော်တော်ယာဉ်နှင့်သက်ဆိုင်သော ဝန်ဆောင်မှုများ၊ စားသောက်ဆိုင်များ နှင့် အခြား လူသုံးကုန်ပစ္စည်း ဝန်ဆောင်မှုများ ကိုအထူးလျော့ဈေးများနှင့် ရယူနိုင်မည့် အထူးသီသန့် အသင်းဝင် ကဒ်ဖြစ်ပါတယ်။

မိတ်ဆွေတို့အနေဖြင့် ကျွနု်ပ်တို့ရဲ့ ကနဦး အထူးသီးသန့်အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာခြင်းအတွက် အထူးဝမ်းမြောက်မိပါတယ်။ ဒီထူးခြားတဲ့ အစီအစဉ်လေးမှ ရရှိနိုင်သော အကျိုးကျေးဇူးများအတွက် ကျေနပ်အားရလိမ့်မည်ဟု မျှော်လင့်ပြီး မိတ်ဆွေ့တို့ရဲ့ အားပေးမှုတွေနှင့်အတူ တုံ့ပြန်မှုများကိုလည်း စောင့်မျှော်လျက်ရှိပါတယ်။